ဖန်ဆင်းရှင် ရှိ/မရှိ
===========
ဒီရက်ပိုင်း အစ္စလာမ်သာသနာနဲ့ ပက်သက်ပြီး
Content တွေတင်တော့ တစ်ချို့ ဖန်ဆင်းရှင် နဲ့ ပက်သက်ပြီး မေးခွန်းမေးတာတွေ comment မှာတွေ့ရတယ်။
မေးခွန်းမေးသူတွေ အများစု ကတော့
အကောင့်အတု(fake profile)တွေနဲ့ မွတ်စလင်မ် မုန်းတီးရေး
လှုပ်ရှားသူတွေ အများစုဖြစ်တာတွေ့ရတယ်။
မွတ်စလင်မ် မုန်းတီးရေးကို တစ်စိုက်မတ်မတ်လုပ်နေသူတွေဖြစ်တယ်။
မေးတဲ့ မေးခွန်းတွေကလဲ
၁။ တစ်ခြားနိုင်ငံက မွတ်စလင်မ် မုန်းတီးရေးဆိုဒ်တွေက ကူးချထားတဲ့ မေးခွန်းတွေ
၂။ ဘာသာမဲ့လှုပ်ရှားသူတွေရဲ့ ဆိုဒ်ကကူးချထားတဲ့မေးခွန်းတွေ (ဒီမေးခွန်းထဲကို တစ်ခြားနိုင်ငံမှာ ဘာသာရေးပညာရှင်တွေ အဖြေပေးပြီးတာကြာပြီ)
၃။ ဟို ရှေးခေတ်က ဘာသာရေးသမားတွေဖြေပြီးတဲ့ မေးခွန်းအဟောင်းတွေ (ဖန်ဆင်းရှင်နဲ့ ပက်သက်ပြီး ရှေးခေတ်မေးခွန်းဟောင်းတွေ)
၄။ ကြိုးကြောင်းဆင်ခြင်မှုလုံးဝမရှိ၊ လူတွေးခေါ်ဆင်ခြင်မှုနဲ့ လုံးဝဆန့်ကျင်တဲ့ ဥပမာတွေနဲ့ မေးတဲ့ မေးခွန်းတွေ ပဲဖြစ်တယ်။
ဖန်ဆင်းရှင်နဲ့ ပက်သက်ပြီး တကယ် ယုံကြည်သူတွေ ဘာကြောင့်ယုံကြည်လဲ သေချာသိလို့ပါက အောက်ပါစာအုပ်ကို ဒေါင်းပြီးဖတ်ပါ
စာအုပ်ထဲတွင်ပါဝင်တဲ့ မေးခွန်းအဖြေတွေက
၁။ ဖန်ဆင်းရှင် တည်ရှိကြောင်းသက်သေများ
၂။ ဖန်ဆင်းရှင် တည်ရှိကြောင်း ကြိုးကြောင်ဆင်ခြင်မှုဖြင့် မည်သို့ သိရှိနိုင်မည်နည်း
၃။ ဖန်ဆင်းရှင်၏ ဖန်ဆင်းရခြင်းရည်ရွယ်ချက်ကဘာလဲ
၄။ လူသားတွေဟာ လောကကြီးကို ဘာရည်ရွယ်ချက်မှ မရှိဘဲ ရောက်ရှိလာတာလား?
ဘယ်သူတစ်ဦးတစ်ယောက်မှပြုလုပ်ဖန်ဆင်းတာမဟုတ်ဘဲ သူအလိုလိုရောက်ရှိလာပြီး သေပြီးရင် ဘာမှမရှိတော့တာလား
၅။ သေပြီးနောက် တမလွန်ဘဝဆိုတာတည်ရှိသလား။ အဲ့တာကို ကြိုးကြောင်းဆင်ခြင်မှုဖြင့်ဘယ်လိုသိနိုင်မလဲ
၆။ သိပ္ပံပညာက ဘာသာမဲ့တွေပြောသလို ဘာသာတရားတွေနဲ့ ဆန်ကျင်သလား။ ဒါမှမဟုတ် ဒါက ဝါဒဖြန့်မှုသက်သက်ပဲလား
၇။ ဘာသာမဲ့ခြင်း၏ သရုပ်အမှန်ကဘာလဲ။ ဘာသာမဲ့ သွားရင် အကျိုးဆက်ကဘာတွေရှိမလဲ