ဂျေရုစလင် JERUSALEM
အပိုင်း(၄)
နိုင်ငံရေး ဇီယွန်ဝါဒ ပေါ်ပေါက်လာခြင်း
THE RISE OF POLITICAL ZIONISM
မူလပထမတုန်းက ဥရောပမှာ ရှိခဲ့ကြတဲ့ ဂျူးတွေဟာ ဖိနှိပ်ညှင်းပမ်းမှုတွေခံခဲ့ကြရလို့ သူတို့အတွက် လုံခြုံမယ့် ဝိညာဉ်ရေးရာနယ်မြေ (Spiritual Home) တစ်ခုကို လိုလားခဲ့ကြပါတယ်။ အဲဒီအတွက် အာဖရိကတိုက်က ယူဂန္ဒာနိုင်ငံကို ဖြစ်စေ၊ တောင်အမေရိကတိုက်က အာဂျင်တီးနားကို ဖြစ်စေ စဉ်းစားခဲ့ကြပါတယ်၊ ဒါပင်မဲ့ "သီယိုဒိုဟလ်" လို့ခေါ်တဲ့ ဂျူးနိုင်ငံ (The Jewish State) ဆိုတဲ့ နိုင်ငံရေးဇီယွန်ဝါဒစာအုပ်ကို ၁၈၉၆-ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပါတယ်၊ ပြီးတော့ ၁၈၉၇ ခုနှစ်က ဆွစ်ဇါလန်နိုင်ငံ ဘတ်စလေမြို. (Basle) မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဇီယွန်များ ကွန်ဂယက်မှာ အဲဒါကို အသုံးချခဲ့ကြပါတယ်၊ ဥပမာ အစ္စရေးဝန်ကြီးချုပ်ဖြစ်လာခဲ့သူ တစ်ဦးဖြစ်တဲ့ အမျိုးသမီးကြီး “ဂိုလ်ဒါမီယာ” က ပါလတ်စတိုင်းဆိုတာ မရှိခဲ့ပါ Sunday Times (၁၅.၆.၁၉၆၉) မှာ ဗြောင်ငြင်းခဲ့ပါတယ်။
ပါလတ်စတိုင်း၌ ဒေသခံ ဂျူးလူဦးရေ (၅)ရာခိုင်နှုန်းသာ ရှိခဲ့ခြင်း၊
ဗြိတိသျှအစိုးရက ပါလက်စတိုင်း ပြဿနာကို စတင်ဖန်တီးခဲ့စဉ် (၁၉၁၇) ခုနှစ်က ပါလတ်စတိုင်း လူဦးရေဟာ (၉၀) ရာခိုင်နှုန်း အထက်မှာ ရှိခဲ့ပြီး အာရဗ်မွတ်စလင်မ်တွေနဲ့ အာရဗ်ခရစ်ယာန်တွေသာ ဖြစ်ခဲ့ကြပါတယ်၊ ဂျူးလူဦးရေဟာ ၅၆,၁ဝဝ ထက်မပိုခဲ့ဘူးဆိုတာ မှတ်တမ်းတွေမှာ တွေ့နေရပါတယ်၊ ဒီ့အပြင် အဲဒီတုန်းက ပါလတ်စတိုင်းမှာ နေထိုင်ခဲ့ကြတဲ့ ဂျူးလူဦးရေရဲ့ ထက်ဝက်ကျော်ကလည်း ဒေသခံဂျူးတွေ မဟုတ်ခဲ့ကြပဲ ဥရောပက ဂျူးသုတ်သင်ရေးကို ကြောက်ရွံ့ပြီး တိမ်းရှောင်လာခဲ့ကြသူများသာ ဖြစ်ခဲ့ကြပါတယ်၊ တကယ်တော့ ပါလတ်စတိုင်း ဒေသခံ ဂျူးအရေအတွက်ဟာ ပါလတ်စတိုင်းမှာရှိတဲ့ စုစုပေါင်းလူဦးရေရဲ. (၅) ရာခိုင်နှုန်းအောက်မှာသာ ရှိခဲ့ပါတယ်၊ ပါလက်စတိုင်းဒေသခံ ဂျူးတွေရော၊ ပြောင်းရွေ.လာတဲ့ဂျူးတွေပါ မွတ်စလင်မ်တို့ရဲ. အုပ်ချုပ်ရေးအောက်မှာ လုံခြုံငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြရပါတယ်။
ဒီအပြင် ၁၉၂၀-၂၁) ခုနှစ်တွေမှာ ရုရှားနဲ့ အရှေ့ဥရောပက ဂျူးတွေဟာ.ပါလတ်စတိုင်းကို တိမ်း ရှောင်လာခဲ့ကြပြန်တယ်။ (၃၁.၁၂.၁၉၂၂) က ဗြိတိသျှတို့ ကောက်ယူခဲ့တဲ့ စာရင်းများအရ ပါလတ်စတိုင်းမှာ လူဦးရေ (၇၄၇,၀၀၀) ရှိခဲ့ပြီး (၆၆၃,၀၀၀) ဟာ အာရဗ်တွေဖြစ်ခဲ့ပြီး၊ အဲဒီ အာရဗ်ထဲမှာ မွတ်စလင်မ်က (၅၉၀,၀၀၀) နဲ့ ခရစ်ယာန်က (၇၃,ဝဝဝ) ဖြစ်ခဲ့ပါတယ်၊ ဂျူးအရေအတွက်ကတော့ (၈၄,၀၀၀) သာ ရှိခဲ့ပါတယ်၊ ဒီလိုနဲ့ ပြည်ပက တစ်စစ ဝင်ရောက်လာခဲ့ကြတဲ့ ဂျူးတွေဟာ ၁၉၄၈-၄၉ ခုနှစ်မှာ (၇၀၀,၀၀၀) လောက်ရှိလာခြင်းသာ ဖြစ်ခဲ့ပါတယ်။
ဂျူးတို့သည် ပါလတ်စတိုင်းနယ်မြေ၏ ၂.၅ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ခဲ့ခြင်း၊
ဒါတင်မက နယ်မြေပိုင်ဆိုင်မှုကို ကြည့်ရင်လည်း အဲဒီအချိန်တုန်းက ဒေသခံ ပါလတ်စတိုင်း အာရဗ်လူမျိုးတွေဟာ ပါလတ်စတိုင်းရဲ. နယ်မြေ (၉၇.၅) ရာခိုင်နှုန်း ကို ပိုင်ဆိုင်ခဲ့ကြပြီး၊ ဒေသခံရော၊ ရွေ.ပြောင်းလာသူအပါအဝင် ဂျူးတွေဟာ နယ်ပမြရဲ.(၂.၅)ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်သူများ ဖြစ်ခဲ့ကြပါတယ်၊ ဗြိတိသျှကိုလိုနီအစိုးရအနေနဲ့ ပါလတ်စတိုင်းကို နှစ်ပေါင်း (၃၀) အုပ်ချုပ်ခဲ့တဲ့ကာလထဲမှာ ဂျူးတွေကို အားပေးအားမြှောက်ပြုခဲ့ပေမယ့် ဂျူးတို့အနေနဲ့ ပါလတ်စတိုင်းနယ်မြေရဲ. (၃.၅) ရာခိုင်နှုန်းသာ ဝယ်ယူနိုင်ခဲ့ကြပါတယ်၊ ဒီ့အပြင် နယ်မြေများစွာတို့ဟာလည်း အာရပ်ပိုင်ရှင်တွေဆီက ဝယ်ယူခဲ့ခြင်းမဟုတ်ပဲ ဗြိတိသျှအစိုးရက ဂီယွန်ဝါဒီ ဂျူးတွေကို အခွမ လွှဲပြောင်း ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။
ဒါကြောင့် ၁၉၄၇ ခုနစ်မှာ ဗြိတိသျှအစိုးရက ပါလတ်စတိုင်းပြဿနာကို ကုလသမဂ္ဂ ကို တင်ပြခဲ့တဲ့ အခါတုံးကဇီယွန်ဝါဒီ ဂျူးတွေဟာ ပါလက်စတိုင်းရဲ. (၆) ရာခိုင်နှုန်းလောက်ကိုသာ ပိုင်ဆိုင်သူများ ဖြစ်ခဲ့ကြပါတယ်၊ ဒါပေမယ့် အဲဒီတုန်းက ကုလ သမဂ္ဂအဖွဲ့ကြီးမှာလည်း အနောက်နိုင်ငံတွေရဲ. ဩဇာလွှမ်းမိုးနေတော့..အစ္စရေးနိုင်ငံကို ပါလတ်စတိုင်းမှာပဲ ထူထောင်ဖို့ ထောက်ခံ ပေးခဲ့ကြပါတယ်၊ ဒီ့အပြင် ပေါ်ပေါက်လာမယ့် အစ္စရေးနိုင်ငံမှာ ပါလတ်စတိုင်းရဲ့နယ်မြေ (၅၄) ရာခိုင်နှုန်းပေးဖို့လည်း ညီလာခံက ဆုံးဖြတ်ပေးခဲ့ပါသေးတယ်။ အဲဒီနောက် အစ္စရေးတွေဟာ ပါလတ်စတိုင်းရဲ. နယ်မြေ (၈၁.၄၈) ရာခိုင်နှုန်းကို အလျင်အမြန် သိမ်းယူခဲ့ခြင်းပဲဖြစ်ပါတယ်။
ဒီလို အစ္စရေးက နယ်မြေချဲ့ထွင်မှုတွေကို ၁၉၄၈ ခုနှစ် မေလ (၁၅) ရက်နေ့ မတိုင်ခင် ပြုခဲ့ကြခြင်းဖြစ်ပါတယ်၊ တနည်းပြောရရင် ဗြိတိသျှတပ်တွေ ပါလတ်စတိုင်းက မဆုတ်ခွာခင်၊ အခြား အာရဗ်တပ်တွေ ပါလက်စတိုင်းကို ကာကွယ်ဖို့ မဝင်ရောက်ခင်နဲ့ အာရဗ်-အစ္စရေး စစ်ပွဲ မတိုင်ခင် ပြုလုပ်ထားခြင်းပဲ ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံထူထောင်ရေးနဲ့ ပတ်သက်လို့ အာရဗ်နိုင်ငံတွေနဲ့ အာရှနိုင်ငံတွေက အပြည်ပြည်ဆိုင်ရာ တရားရုံးကို ရည်ညွန်းအကြံယူဖို့ ကြိုးပမ်းချက်ကိုလည်း ကုလသမဂ္ဂ ညီလာခံက လစ်လျူရှုခြင်း၊ ငြင်းပယ်ခြင်းတို့ ပြုလုပ်ခဲ့ပါတယ်၊ ဒီလိုနဲ့ ဗြိတိသျှနဲ့ အနောက်နိုင်ငံတွေရဲ့ သြချယ်လှယ်မှုနဲ့ အစ္စရေးနိုင်ငံဟာ ပါလတ်စတိုင်းဒေသမှာ ပေါ်ပေါက်လာခဲ့ပါတယ်။ တနည်းပြောရရင် ဥရောပက ဂျူးပြဿနာကို ပါလတ်စတိုင်း ကို ပိုပြီး ရှင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်၊ အခုအခါမှာတော့ အစ္စရေးနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ပံ့မှု အများဆုံးရတဲ့ နိုင်ငံ၊ နျူးကလီးယားစွမ်းအင်ရှိပေမဲ့ ကန့်ကွက်ခြင်း၊ စစ်ဆေးခြင်း မခံရတဲ့နိုင်ငံ၊ ကုလသမဂ္ဂရဲ. ဆုံးဖြတ်ချက်များစွာကို ဂရုမစိုက် ချိုးဖောက်မှု ပြုနေတဲ့နိုင်ငံ အဖြစ် ရှိနေပြီ ဖြစ်ပါတယ်။
ပါလတ်စတိုင်းဒုက္ခသည်များစွာရဲ့ ပြဿနာလည်း လက်တွေ့ကြုံကြိုက်နေရတာ ကမ္ဘာက အသိဖြစ်ပါတယ်၊ ၂၀၀၉ ခု နှစ်ဦးပိုင်းက ဖြစ်ခဲ့တဲ့ ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းများစွာက သွားရောက်စစ်ဆေးပြီး အစ္စရေးတို့ လူမဆန်တဲ့ လုပ်ရပ်များအဖြစ် ရှုတ်ချခဲ့တာကိုလည်း ကမ္ဘာမီဒီယာများမှာ တွေ့မြင်ခဲ့ရပြီးလည်း ဖြစ်ပါတယ်။ PROTOCOLS OF THE LEARNED OLDER OF ZION (လျှို့ဝှက်စာတမ်း) မှာလည်း အစ္စရေးရဲ. နယ်ချဲ. ကြီးစိုးရေး စီမံကိန်းကို စိုးရိမ်ကြောက်မက်ဖွယ် ခတ်ပြထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
အစ္စရေးနိုင်ငံ ပေါ်ပေါက်လာခြင်း။
အစ္စရေးနိုင်ငံကို ပါလက်စတိုင်းဒေသမှာ ထူထောင်ခွင့်ပေးတဲ့ ဆုံးဖြတ်ချက်ပေးတဲ့ထုတ်ပြန်မှုနဲ့ နိုင်ငံထူထောင်မှ ကြိုးပမ်းမှုကြားကာလဖြစ်တဲ့ (၉.၁၁.၁၉၄၇) ကနေ (၁၅. ၅. ၁၉၄၀) ကြားမှာ အစ္စရေးနဲ့ အာရဗ်တို့ ပြင်းထန်တဲ့ စစ်ပွဲတွေ ဖြစ်ခဲ့တယ်၊ နောက်ဆုံးမှာတော့ အမေရိကန်နဲ့ ဗြိတိသျှခေါင်းဆောင်တွေရဲ. ဘက်လိုက်မှု တွေနဲ့ ၁၉၄၈ ခုနှစ် မေလ (၁၄) နေ့မှာ တဲလ်အဗစ် (Tel Aviv) မြို.ကန အစ္စရေးနိုင်ငံ ထူထောင်လိုက်ပြီဖြစ်ကြောင်း .. ကြေညာခဲ့ပါတယ်၊ အာရပ်တွေဘက်က တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်၊ အဲဒီ ၁၉၄၈ ခုနှစ် စစ်ပွဲကြောင့် ကုလသမဂ္ဂက ဂျေရုစလင်မ်မြို.ကို နှစ်ခြမ်းခွဲခဲ့ပြီး၊ အနောက်ပိုင်းကို အစ္စရေးတို့က အုပ်ချုပ်စေပြီး မြို.ဟောင်း အပါအဝင် အရှေ့ခြမ်းကို ဂျော်ဒန်က အုပ်ချုပ်ခဲ့ပါတယ်။
တကယ်တော့ အဲဒီ ၁၉၄၈ ခုနှစ်မှာ အနောက်ဂျေရုစလင်မ်ဟာ ဂျူးတွေနဲ့ သက်ဆိုင်ခြင်း မရှိခဲ့ပါဘူး၊ အနောက်ဂျေရုစလင်မ်ရဲ. မြို.စွန် Dier Yaain မှာရှိတဲ့ ပါလတ်စတိုင်းရွာ (၂၅၄) ရွာက ပါလတ်စတိုင်းတွေကို ဂျူးတွေက
အစုလိုက်အပြုံလိုက် သတ်ခဲ့ပြီး Semiramise.. ဟိုတယ်ကိုလည်း ဖောက်ခွဲဖျက်ဆီးခြင်းဖြင့် အနောက် ဂျေရုစလင်မ်နဲ့ ပါလတ်စတိုင်းကမ်း ရိုးတန်းဒေသမှာ ပါလတ်စတိုင်း သုတ်သင်ရေး လုပ်ခဲ့ခြင်းသာဖြစ်ပါတယ်။
တစ်နှစ်အကြာမှာ ဗြိတိသျှတို့ ဆုတ်ခွာသွားတဲ့အခါမှာလည်း ဇီယွန်ဝါဒီတွေဟာ ပါလတ်စတိုင်းတွေကို တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခြင်းပြုပြီး၊ ပါလတ်စတိုင်းအာရဗ် (မွတ်စလင်မ်တွေရော၊ ခရစ်ယာန်တွေပါ) ပါလက်စတိုင်းက နှင်ထုတ်ခံခဲ့ကြရပြီး၊ ၁၉၅၀ ခုနှစ်မှာ နိုင်ငံမဲ့များ၊ ဒုက္ခသည်များ စတဲ့ ဘဝကို ရောက်ခဲ့ကြတာဖြစ်ပါတယ်။
အစ္စရေးတို့နယ်မြေတစ်စစ ချဲ.ထွင်လာခြင်း။
၁၉၅၆ ခုနှစ်မှာ စူးအတ်တူးမြောင်းကို သမ္မတ နာဆာ ဦးဆောင်တဲ့ အီဂျစ်အစိုးရက ပြည်သူပိုင်သိမ်းခဲ့တဲ့အခါ ပြင်သစ်နဲ့ ဗြိတိသျှတို့က မကျေနပ်ခဲ့ကြဘဲ အစ္စရေးနဲ့ ပူးပေါင်းပြီး အီဂျစ်ကို တိုက်ခိုက်ခဲ့ကြပါတယ်။ ကုလသမဂ္ဂက အစ္စရေးကို ကျူးကျော်သူအဖြစ် သီးခြားခွဲ စွတ်စွဲပြီး၊ သိမ်းလိုက်တဲ့ နယ်မြေများကို ပြန်ပေးစေခဲ့ပါတယ်။ အီဂျစ်နဲ့ အစ္စရေးနယ်စပ်မှာ ကုလသမဂ္ဂတပ်တွေ (၁၁) နှစ် ချထားခဲ့တဲ့အခါမှာ အစ္စရေးတွေက သူတို့ဘက်မှာ နေခွင့်မပေးလို့ အီဂျစ်ဘက်မှာသာ တပ်တွေ ချထားခဲ့ရပါတယ်။
၁၉၆၇ ခုနှစ်မှာ တတိယအကြိမ်မြောက် အာရဗ်-အစ္စရေး ခြောက်ရက်ကြာ စစ်ပွဲဖြစ်ခဲ့ပြီး အစ္စရေးတို့က ဆိုင်းနိုင်းနဲ့ ဂျေရုစလင်မ်မြို့ အပါအဝင် အနောက်ဘက်ကမ်းတို့ကို သိမ်းပိုက်ပြီး နယ်မြေချဲ.ထွင်လာခဲ့ကြပါတယ်၊ အီဂျစ်နဲ့ ဂျော်ဒန်တပ်တွေ အထိနာခဲဲ့ကြပါတယ်၊ ဒီလိုနဲ့ အစ္စရေးတို့ဟာ ပါလတ်စတိုင်းဒေသအားလုံးကို အပြီးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
၁၉၇၃ ခုနှစ် သမ္မတ ဆဒတ် လက်ထက်မှာ အီဂျစ်တို့က စူးအတ်တူးမြောင်းကိုဖြတ်ပြီး အစ္စရေးတို့ သိမ်းထားတဲ့ အီဂျစ်နယ်မြေအချို.ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်၊ ဒီလိုနဲ့ ၁၉၇၇ ခုနှစ်မှာတော့ အီဂျစ်သမ္မတ ဆဒတ်ဟာ အစ္စရေးကို သွားရောက်လည်ပတ် ဆွေးနွေးခွင့် ရရှိခဲ့ပါတယ်၊ ၁၉၇၈ ခုနှစ်မှာတော့ အမေရိကန်သမ္မတ ဂျင်မီကာတာ၊ အီဂျစ်သမ္မတ ဆဒတ်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘီဂင်ဒေးဗစ်စခန်းမှာ ဆွေးနွေးပြီး အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။
ပါလတ်စတိုင်းဒုက္ခသည်များနှင့် လွတ်မြောက်ရေးလှုပ်ရှားမှု။
ပါလတ်စတိုင်းတွေအနေနဲ့ နိုင်ငံမဲ့တွေအဖြစ် ဂျော်ဒန်နိုင်ငံမှာ နေခဲ့ကြရပေမယ့် နောက်ဆုံး ဂျော်ဒန်နဲ့ အဆင်မပြေဖြစ်ကြလို့ လက်ဘနွန်နဲ့ ဆီးရီးယားကို ရွေ.ပြောင်းခဲ့ကြရးပါတယ်၊ ၁၉၈၂ ခုနှစ်မှာ အစ္စရေးတို့က ရှာရွန်ဦးဆောင်ပြီး လက်ဘနွန်မှာရှိတဲ့ စဗရာ (Sabra) နဲ့ ရှတ်တီလာ (Shattila) ပါလတ်စတိုင်း ဒုက္ခသည်စခန်း တွေကို တိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် သတ်ခဲ့ပါသေးတယ်။ ပါလတ်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) ခေါင်းဆောင် ယာစာအာရဖတ်ရာ ဂျော်ဒန်မှာ (၁၂) နှစ်နေပြီးတဲ့နောက် တူးနစ်ကို ထွက်ခွာသွားခဲ့ရပါတယ်။
၁၉၈၇ ခုနှစ်မှာ ပါလတ်စတိုင်းဒေသ၊ အစ္စရေးရဲ. အုပ်ချုပ်မှုအောက်မှာ အင်တီဖါဒါ INTIFIDA လို့ခေါ်တဲ့ ပါလတ်စတိုင်း ပြည်သူ့လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ပါတယ်။ အကြမ်းမဖက်တဲ့ လူထုလှုပ်ရှားမှု ဖြစ်ပေမယ့် အစ္စရေးစစ်တပ်က လက်နက်မဲ့ ကလေးတွေကို အရိုးချိုးပစ်ပုံ၊ ရက်စက်ပုံတွေကို ကမ္ဘာက သိရှိသွားခဲ့ပါတယ်။
အနောက်နိုင်ငံတွေအနေနဲ့.. စက်မှုလုပ်ငန်းတွေအတွက် ရေနံရရှိရေးဟာ အဓိက ကျလှပါတယ်။ ဒါကြောင့်အစ္စရေးနိုင်ငံကို ပါလတ်စတိုင်းဒေသမှာ ထူထောင်ပေးလိုက်ခြင်းဖြင့် မိမိတို့ရဲ. ဩဇာသက်ရောက် စေခဲ့ခြင်းပဲ ဖြစ်ပါတယ်၊
အဲဒီနောက် အရှေ့အလယ်ပိုင်း၊ အာရဗ်နိုင်ငံများအရေး တိုက်ရိုက်ဝင်ရောက် စွတ်ဖက်မှုများ ပေါ်ပေါက်လာခဲ့ပါတယ်၊
ဒါပေမယ့် ပါလက်စတိုင်းအားလုံး (မွတ်စလင်မ်ရော၊ ခရစ်ယာန်တွေပါ) မိမိတို့ဒေသက သတ်ဖြတ် နှင်ထုတ်ခြင်းလည်း ခံရသေးတယ်၊ ဒီ့အပြင် ဒုက္ခသည်အဖြစ်ရောက်နေတဲ့ စခန်းတွေဟာလည်း တိုက်ခိုက် သတ်ဖြတ် ခံနေရတဲ့အတွက်ဥပဒေအရရော၊ နိုင်ငံရေးအရပါ ပြည့်ဝတဲ့ အကာအကွယ်မရပဲ ရှိနေခဲ့ကြပါတယ်၊ ပါလက်စတိုင်းတွေဂျောင်ပိတ်သတ်ခံနေရလို့ ထွက်ပေါက်ရှာတဲ့ ကြိုးပမ်းမှုတွေကိုလည်း အကြမ်းဖက်မှုစာရင်းထဲ အတင်းသွင်းကြပါတယ်၊
ဂျေရုစလင်မ်ပို့စ် Jerusalem Post ရဲ့ဖော်ပြချက်အရ၊ ယခုအခါ အစ္စရေးတို့ ဂျေရုစလင်မ်မှာ ရှိတဲ့ လမ်းနာမည်တွေကို အစ္စရေးနာမည်တွေအဖြစ် ပြောင်းပြီး သမိုင်းဖျောက်ဖျက်နေကြောင်းလည်း ကြားသိနေရပါတယ်၊ ၂၀၀၉ ခုနှစ်အစရဲ့ ဂါဇာ
လူသတ်ကွင်းကိုတော့ ကမ္ဘာက သိပြီးဖြစ်ပါတယ်။
အစ္စရေးတို့ အချိန်မှီ မပြုပြင်က ပြစ်ဒဏ်ကျတော့မည်။
အစ္စလာမ်ရဲ့လမ်းညွှန်အရ လူမျိုးခွဲခြားဆက်ဆံမှု၊ လူမျိုးရေးမုန်းတီးမှုတွေကို ပြင်းထန်စွာ တားမြစ်ထားပါတယ်၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး သာလွန်မြင့်မြတ်ခြင်းကို “သတ်ကဝါ "လို့ခေါ်တဲ့ အလ္လာဟ်သိစိတ်နဲ့ တာဝန်ကျေခြင်းနဲ့သာ အလ္လာဟ်က တိုင်းတာမှာဖြစ်ကြောင်း (ကုရ်အာန် ၄၉း၁၃) မှာ သွန်သင်ထားပါတယ်၊ ဒါပင်မဲ့ အစ္စရေးတို့အနေနဲ့ သူတို့သာလျှင် မွေးရာပါ မြင့်မြတ်ကြတယ်၊ အစ္စရေး မဟုတ်သူတွေဟာ လူရိုင်း (Gentile) တွေဖြစ်တယ်ဆိုပြီး အနှိုင်းမဲ့ ကိုးကွယ်ရာ မြတ်အလ္လာဟ်ရဲ့ အမိန့်တော်တွေကို ဆက်လက်ချိုးဖောက်နေမယ်ဆိုရင် ပြစ်ဒဏ်ကျရောက်မယ် ဖြစ်ပါတယ်၊ ဂျူးတွေထဲက ရိုးသားတဲ့ လူကြီး အချို့က အစ္စရေးနိုင်ငံဟာ (၂၀၂၂) ခုနှစ်လောက်ထိပဲ တည်နိုင်တယ်လို့ ဘာသာရေးအရ ပြောနေကြပါတယ်၊ အမေရိကန် ကလည်း နိုင်ငံရေးအရ အလားတူပဲ တွက်ချက်ထားပါတယ်၊ အလ္လာဟ်ထံက ပြစ်ဒဏ်မရောက်မီ သူတို့ပြုပြင်ဖို့လိုပါတယ်။
ရှေ့သောကြာ ခုသွ်ဗဟ်တွေမှာ ကျွန်တော်တင်ပြခဲ့သလို နှိုင်းမဲ့ ကိုးကွယ်ရာ မြတ်အလ္လာဟ်က
မွတ်စလင်မ်တွေကိုလည်း ကုရ်အာန်ကတစ်ဆင့် အလားတူ သတိပေးထားပါတယ်၊ အလ္လာဟ်ရဲ. လမ်းညွန် အတိုင်းနာခံဘဝ တည်ဆောက်ရင် ဝိလာဖသ် (ကမ္ဘာဂြိုဟ် ရဲ. စည်းစိမ်နဲ့အာဏာ) ကိုပေးမယ်၊ အလ္လာဟ် လမ်းက မျက်နှာလွှဲရင် လူစားထိုးခံရမယ်လို့ ဆိုထားပါတယ်။
အခုကျွန်တော်တင်ပြခဲ့တဲ့ ဂျေရုစလင်မ် အပိုင်း (၁) ကနေ (၄) အထိ ခြုံငုံလေ့လာစေချင်ပါတယ်၊ မွတ်စလင်မ် တွေဘက်က လူသားဝါဒ၊ မေတ္တာတရားနဲ့ ဂျူးကိုရော၊ ခရစ်ယာန်တွေပါ ဆက်ဆံခဲ့တာတွေ့ရမှာဖြစ်ပြီး ခလီဖဟ် သမ္မတကြီး အုမရ် လက်ထက်ကစပြီး ဂျေရုစလင်မ်ဖွံ့ဖြိုးမှုဟာ ခရူးဆိတ်စစ်ပွဲတွေကြောင့် ခေတ္တ အဟန့်အတား ဖြစ်ပြီး အော်တိုမင် အင်ပါယာ လက်အောက်မှာ ပြန်လည်ဖွံ့ဖြိုးခဲ့ခြင်းဖြစ်ပါတယ်၊ ဂျေရုစလင်မ်ကို ပါလတ်စတိုင်းတွေ လက်ထဲက ဗြိတိသျှ ကိုလိုနီအစိုးရနဲ့ပေါင်းပြီး အဓ္ဓမ လုယူခဲ့တယ်ဆိုတာ ကမ္ဘာသမိုင်းမှာ အခိုင်အမာ တွေ့ရမှာဖြစ်ပါတယ်။
ဒါကြောင့် မွတ်စလင်မ်တွေအနေနဲ့ မိမိတို့ရဲ့ကိုယ်ကျင့် တရား ဖွံ့ဖြိုးဖို့၊ တစ်ခုတည်းသော အွမ်မသ်သားချင်းဆိုတဲ့ စိတ်ဓာတ်နဲ့ လူသားဝါဒကို မွေးမြူရင်း အလ္လာဟ်ရဲ. လမ်းညွန်အတိုင်း ဘဝ တည်ဆောက်ကြဖို့ နှိုးဆော်အပ်ပါတယ်။
အလ်ဟာဂျ် မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)