အာဖရိကက အက်ဒါမြွေပွေးတွေနဲ့ ပတ်သတ်ပြီး သိပ္ပံပညာရှင်တွေ အံ့အားသင့်ရတာတစ်ခုက သူတို့ဟာမြက်ပင်တွေ၊ ခြုံတွေကြားထဲမှာ ကိုယ်ယောင်ဖျောက်ပြီး မလှုပ်မရှားပဲ ရက်သတ္တပတ် ၂ပတ်လောက်ဒီတိုင်းငြိမ်ပြီး စိတ်ရှည်ရှည် သားကောင်စောင့်နေတတ်တာပါပဲ။
ဒါပေမဲ့ သူတို့ကိုစားမဲ့ရန်သူတွေရှိတာပဲလေ။ ဒီတိုင်းကြီးမလှုပ်မရှားနေနေတာဟာ ရန်သူတွေနဲ့ရင်ဆိုင်ကြုံဆုံရဖို့ အခွင့်အလမ်းပိုများနေမှာပေါ့။ကိုယ်ယောင်ဘယ်လောက်ဖျောက်ထားထား မြွေပါလို
ရန်သူမျိုးတွေက အနံ့ခံသိပ်ကောင်းတာလေ။ သူတို့ ဒုက္ခရောက်မှာပေါ့။
သုတေသနပညာရှင်တွေ အံ့အားသင့်ခဲ့ရတာက ၊ ဒီမြွေပွေးတွေဟာ သူတို့ရဲ့ကိုယ်နံ့ကိုပါ လုံးဝ ဖျောက်နိုင်စွမ်းရှိနေတာပါပဲ။
လေ့ကျင့်သင်ကြားပေးထားတဲ့ ခွေးတွေ နဲ့မြွေပါတွေဟာ ဒီအက်ဒါမြွေပွေးတွေကို ဘယ်လိုမှ အနံ့မခံနိုင်ကြပါဘူး။ ဘယ်လောက်တောင်ဆိုးလဲဆို မွေပွေးရဲ့ကိုယ်ပေါ်ကိုခပ်တည်တည်ပဲ တက်နင်းပြီးထွက်သွားတာ သံသယနဲ့ပြန်တောင်လှည့်မကြည့်ကြဘူး ။
မြေနေကျောရိုးရှိသတ္တဝါတွေထဲမှာ ပထမဆုံးတွေ့ရှိရတဲ့ ထူးခြားတဲ့ ဓာတုဗေဒစွမ်းရည်တစ်ခုပါပဲ။
(African puff adder uses chemical camouflage to hide scent , By Brooks Hays , United Press International Science News )
ဒီလောက်အသေးစိတ် ဒီဇိုင်းလုပ်ထားတဲ့ ကမ္ဘာကြီးကို ဖန်ဆင်းသူမရှိဘူးလို့မိတ်ဆွေယုံကြည်ပါသလား?
ဒီကမ္ဘာကြီးပေါ်မှာ ရှိသမျှသက်ရှိတွေက ရည်ရွယ်ချက်မဲ့၊ ဖန်ဆင်းသူမဲ့ အလိုအလျောက်ဖြစ်လာတယ်လို့မိတ်ဆွေယုံကြည်ပါသလား? စဉ်းစားကြည့်ပါ။
ငါအရှင်မြတ်သည် သူတို့အား မိုးကုပ်စက်ဝိုင်းများတွင်သာမက သူတို့၏ ခန္ဓာကိုယ်များထဲတွင်လည်း ဖန်ဆင်းရှင်ဘုရားသခင်၏ သက်သေလက္ခဏာများကို ပြသတော်မူမည်ဖြစ်သည်။ နောက်ဆုံးတွင် သူတို့အတွက် အမှန်စင်စစ် ကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်ကြောင်း သိသာထင်ရှားလာလိမ့်မည်။ (ကုရ်အာန် ၄၁:၅၃)
ကိုအေးထွန်းနှင့် KnownIslam အဖွဲ့သားများ ပူးပေါင်းတင်ဆက်သည်။