မှိုစိုက်ပျိုးရေး


 မှိုစိုက်ပျိုးရေး

စိုက်ပျိုးရေးလုပ်တဲ့သူတွေဟာ ကျွန်တော်တို့ လူသားတွေပဲမဟုတ်ပါဘူး။ ဥပမာအာဖြင့် Ambrosia Beetle ပိုးကောင်လေးတွေဟာလဲ မှိုစိုက်ပျိုးရေးလုပ်ကြပါတယ်။ သူတို့ဟာ အိုနေတဲ့သစ်ပင်၊ သေနေတဲ့သစ်ပင်တွေကို လိုက်ရှာပြီး လှိုင်ခေါင်းတူးကြပါတယ်။ သူတို့ဟာ မှိုမျိုးမှုန်တွေကို တစ်ပါတည်းသယ်ယူလာကြပါတယ်။ သူတို့ခန္ဓာကိုယ်မှာ မျိုးမှုန်အိတ်သယ်အင်္ဂါ (Mycangium) ကလဲအရန်သင့်ပါဝင်နေတာကိုး။ ပြီးရင်တော့လှိုင်ခေါင်းထဲမှာ ဒီမျိုးမှုန်တွေကို ကျဲချလိုက်ပြီး မှိုစိုက်ပျိုးရေးလုပ်စားသောက်ကြတော့တာပါပဲ။
(A Guide to the Beetles of Australia, By George Hangay, Paul Zorowski, Pg. 222)

ဒီလောက်အသေးစိတ် ဒီဇိုင်းလုပ်ထားတဲ့ ကမ္ဘာကြီးကို ဖန်ဆင်းသူမရှိဘူးလို့မိတ်ဆွေယုံကြည်ပါသလား?
ဒီကမ္ဘာကြီးပေါ်မှာ ရှိသမျှသက်ရှိတွေက ရည်ရွယ်ချက်မဲ့၊ ဖန်ဆင်းသူမဲ့ အလိုအလျောက်ဖြစ်လာတယ်လို့မိတ်ဆွေယုံကြည်ပါသလား? စဉ်းစားကြည့်ပါ။
ငါအရှင်မြတ်သည် သူတို့အား မိုးကုပ်စက်ဝိုင်းများတွင်သာမက သူတို့၏ ခန္ဓာကိုယ်များထဲတွင်လည်း ဖန်ဆင်းရှင်ဘုရားသခင်၏ သက်သေလက္ခဏာများကို ပြသတော်မူမည်ဖြစ်သည်။ နောက်ဆုံးတွင် သူတို့အတွက် အမှန်စင်စစ် ကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်ကြောင်း သိသာထင်ရှားလာလိမ့်မည်။ (ကုရ်အာန် ၄၁:၅၃)
Design Argument #3
#knownislam
#easyislam
#islaminmyanmar
#myanmardawah
ကိုအေးထွန်းနှင့် KnownIslam အဖွဲ့သားများ ပူးပေါင်းတင်ဆက်သည်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ