စည်ပိုင်းမျက်လုံးငါး

 

စည်ပိုင်းမျက်လုံးငါး
******************
စည်ပိုင်းမျက်လုံးငါး (Barreleye Fish) တွေ၊ ပင်လယ်ရေအောက်မီတာ ၇၀၀ အနက်လောက်အမှောင်ထဲမှာ ငြိမ်ငြိမ်လေးနေနေတတ်တဲ့ ငါးတွေပေါ့။ ပုံမှာ စည်ပိုင်းငါးမျိုးစိတ်တစ်ခုဖြစ်တဲ့ Macropinna microstoma ငါးတစ်ကောင်ရဲ့ ပုံကို ကျွန်တော်တို့ တွေမြင်ရပါမယ်။ ထူးခြားချက်က သူတို့ရဲ့ ဦးခေါင်းဟာထွင်းဖောက်မြင်နေရတယ်။ ကျွန်တော်တို့ဆို ခေါင်းမမော့ပဲ အပေါ်ဘက်မြင်ကွင်းကို အကျယ်ကြီးမမြင်နိုင်ဘူးလေ။ သူတို့ကတော့ ထွင်းဖောက်မြင်ရတဲ့ခေါင်းကို ပိုင်ဆိုင်ထားတော့ ကိုယ်ဟန်မပြောင်းပဲ အပေါ်ဘက်မြင်ကွင်းကိုမြင်ရတာပေါ့။
ဒါနဲ့ သူတို့မျက်လုံးက ဘယ်ဟာလို့ထင်လဲ။ ပါးစပ်အပေါ်က အပေါက် ၂ ပေါက်မဟုတ်ဘူးနော်။ အဲ့ဒါ အနံခံပေါက်တွေ။
ကျွန်တော်တို့ရဲ့ နှာခေါင်းပေါက်တွေလိုပေါ့။ တကယ်မျက်လုံး မှန်ဘီလူးအစစ်က အစိမ်းရောင် တောက်နေတဲ့ဟာတွေ။ တွေ့လား အပေါ်ကို သူတို့ကြည့်နေကြတာ။ အပေါ်ကိုပဲ အသေကြည့်နိုင်တာမဟုတ်ဘူး။ အဲဒီမှန်ဘီလူးတွေက ရှေ့တည့်တည့်ကိုလဲ လှည့်ပြီး တည့်တည့်ကြည့်လို့ရတယ်။ ဒါပေမဲ့ များသောအားဖြင့်သူတို့က အပေါ်ဘက်က သားကောင်အရိပ်ကို ကြည့်နေတတ်ကြတာလေ။

(Do Fish Sleep?: Fascinating Answers to Questions about Fishes, By Judith S Weis, Pg 37)
(Leatherback Turtles, Giant Squids, and Other Mysterious Animals of the Deepest Seas, By Ana
Maria Rodriguez, Pg. 30)

ဒီလောက်အသေးစိတ် ဒီဇိုင်းလုပ်ထားတဲ့ ကမ္ဘာကြီးကို ဖန်ဆင်းသူမရှိဘူးလို့မိတ်ဆွေယုံကြည်ပါသလား?
ဒီကမ္ဘာကြီးပေါ်မှာ ရှိသမျှသက်ရှိတွေက ရည်ရွယ်ချက်မဲ့၊ ဖန်ဆင်းသူမဲ့ အလိုအလျောက်ဖြစ်လာတယ်လို့မိတ်ဆွေယုံကြည်ပါသလား? စဉ်းစားကြည့်ပါ။
ငါအရှင်မြတ်သည် သူတို့အား မိုးကုပ်စက်ဝိုင်းများတွင်သာမက သူတို့၏ ခန္ဓာကိုယ်များထဲတွင်လည်း ဖန်ဆင်းရှင်ဘုရားသခင်၏ သက်သေလက္ခဏာများကို ပြသတော်မူမည်ဖြစ်သည်။ နောက်ဆုံးတွင် သူတို့အတွက် အမှန်စင်စစ် ကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်ကြောင်း သိသာထင်ရှားလာလိမ့်မည်။ (ကုရ်အာန် ၄၁:၅၃)
Design Argument #4
#knownislam
#easyislam
#islaminmyanmar
#myanmardawah
ကိုအေးထွန်းနှင့် KnownIslam အဖွဲ့သားများ ပူးပေါင်းတင်ဆက်သည်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ