"သစ်တောက်ငှက်၏ အံ့မခန်း စွမ်းရည်"
=============================
အရှိန်ဆိုတာ အလျှင်နှုန်း (Velocity) ပြောင်းလဲခြင်းကို ခေါ်တာပါ။ ဒါကြောင့် အလျှင်နှုန်းတိုးလာခြင်း (Acceleration) ကိုသာမက ၊ အလျှင်နှုန်း လျှော့သွားခြင်း (Deceleration) ကိုပါ ကိုယ်စားပြုပါတယ်။
အလျှင်နှုန်းလျှော့သွားတဲ့ ဖြစ်စဉ်ကို ယာဉ်တိုက်မူမှာတွေ့မြင်နိုင်ပါတယ်။
ဥပမာ အလေးချိန် ပေါင် ၃၂၀၀ ရှိတဲ့ ကားတစ်စီးမောင်းနှင်လာတယ်၊ ကားရဲ့ အလျှင်နှုန်းက တစ်နာရီ မိုင်သုံးဆယ်။ သစ်ပင်ကိုတိုက်မိပြီး ကားဟာ အလျှင်နှုန်းလျှော့ကျကာ ရှေ့တစ်ပေအကွာမှာ ရပ်သွားတယ်။
ဒီဖြစ်စဉ်မှာ ကားခံစားလိုက်ရတဲ့ တိုက်အားပမာဏက ၄၈ တန်ကျော်တဲ့ အလေးနဲ့ ထုခံလိုက်ရသလိုဖြစ်ပါတယ်။ တွက်ချက်မူအရ ဒါဟာ ကမ္ဘာ့ဒြပ်ဆွဲအားကြောင့် ဖြစ်တဲ့ အရှိန်နှုန်းထက် အဆ ၃၀ ပိုမိုသော အရှိန်နှုန်းကို ဖြစ်ပေါ်စေတဲ့ တိုက်အားကို ကားက ခံစားလိုက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် 30 G's လို့ခေါ်ဆိုနိုင်ပါတယ်။
ကဲ၊ ခုကျွန်တော်တို့ သဘာဝကြီးကို တစ်ချက်ကြည့်ရအောင်၊
အမေရိကန်ပြည်ထောင်စု၊ ဘာကလေမြို့တော် ၊ ကလ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ ဇီဝအင်္ဂျင်နီယာဌာနမှ ပညာရှင် တစ်ဦးဖြစ်တဲ့ ဆန်ဟီးရွန်း နဲ့ စက်မူအင်ဂျင်နီယာဌာနမှ ပညာရှင်တစ်ဦးဖြစ်တဲ့ ဆောင်မင်ပတ် တို့ဟာ အသေအချာကို လေ့လာဆည်းပူးမူ ပြုခဲ့ကြပါတယ်။
သစ်တောက်ငှက်တစ်ကောင်ဟာ သစ်ပင်ကို ခေါက်ခေါက်နေတယ်။ သူ သစ်ပင်ကိုဒီလို ခေါက်အခါမှာ ဖြစ်ပေါ်တဲ့ အလျှင်လျှော့ကျမူနှုန်းက ဘယ်လောက်လဲ သိလား။ 1200 G’s တဲ့ ။
ကမ္ဘာ့ဒြပ်ဆွဲအားကြောင့်ဖြစ်တဲ့ အရှိန်ထက် အဆ ၁၂၀၀ ပိုမိုတဲ့အရှိန်ကို ဖြစ်တည်စေတဲ့ တိုက်အား (Impact Force) ကို သစ်တောက်ငှက်ဟာ ရင်ဆိုင်ရတာပါ။ ဒါပေမယ့် စိတ်မပူနဲ့၊ သူဘာမှမဖြစ်ဘူး၊
တစ်ခြားသော ပညာရှင်တွေရဲ့ လေ့လာမူဆိုရင် တစ်ချို့ သစ်တောက်ငှက် တွေဟာ 6000 G’s ကိုတောင် ခံနိုင်ရည်ရှိပါသတဲ့၊
ဘယ်လောက်တောင် ခေါက်သလဲဆိုရင် တစ်စက္ကန့်အတွင်းမှာ အကြိမ် ၁၈ကြိမ် ကနေ ၂၂ကြိမ်ထိအမြန်နှုန်းထားနဲ့ ခေါက်နေတာပါ။ ဒါပေမယ့် သစ်တောက်ငှက်ဟာ ဦးနှောက်ထိခိုက်တဲ့ ဘယ်လက္ခဏာကိုမှ မပြပါဘူး။
ကျွန်တော်တို့ လူသား ပညာရှင်တွေအနေနဲ့ သစ်တောက်ငှက်တွေကို ဆရာတင်ဖို့ ဝန်မလေးခဲ့ကြပါဘူး။
ပညာရှင်တွေဟာ သစ်တောက်ငှက်ရဲ့ အရိုးငြမ်းစနစ် တည်ဆောက်ပုံ ဒီဇိုင်းကို X-ray Computed Tomography (CT) ဓာတ်မှန်တွေနဲ့ ပုံဖော် အသေအချာ လေ့လာစူးစမ်းပြီး ပြင်းထန်တဲ့ တိုက်အားကို ခံနိုင်ရည်ရှိတဲ့ ပစ္စည်းတွေ တီထွင်နိုင်ခဲ့ကြပါတယ်။
စမ်းသပ်မူတစ်ခုအရ ဒီလို ပစ္စည်းတွေကို 60000 g’s ဖြစ်စေတဲ့ အားနဲ့ သက်ရောက်ကြည့်တဲ့အခါမှာ ပျက်စီးမူနှုန်းဟာ နဂိုနည်းပညာတွေမှာ ၂၆.၄ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် ယခုသစ်တောက်ငှက်နည်းပညာအရ မှာတော့ ပျက်စီးမူနှုန်းဟာ ဝ.၇ ရာခိုင်နှုန်း ထိ ကျဆင်းသွားတာကို တွေ့ရှိရပါတယ်။
သစ်တောက်ငှက်တွေမှာရှိတဲ့ ဒီဇိုင်းဟာ လူသားတွေအတွက် အကျိုးကျေးဇူး ကြီးမားတဲ့ ယာဉ်တိုက်မူတွေမှာ ကာကွယ်ပေးမဲ့ ခေါင်းစွပ်အကာတွေလို ပစ္စည်းတွေကို ထုတ်လုပ်ပေးနိုင်ဖို့ လမ်းညွှန်နေပါတော့တယ်။
(A mechanical analysis of woodpecker drumming and its application to shock-absorbing systems, By Sang-Hee Yoon and Sungmin Park)
(Gibson, L., Woodpecker pecking: how woodpeckers avoid brain injury, Journal of Zoology )
ဒီလောက်အသေးစိတ် ဒီဇိုင်းလုပ်ထားတဲ့ ကမ္ဘာကြီးကို ဖန်ဆင်းသူမရှိဘူးလို့မိတ်ဆွေယုံကြည်ပါသလား?
ဒီကမ္ဘာကြီးပေါ်မှာ ရှိသမျှသက်ရှိတွေက ရည်ရွယ်ချက်မဲ့၊ ဖန်ဆင်းသူမဲ့ အလိုအလျောက်ဖြစ်လာတယ်လို့မိတ်ဆွေယုံကြည်ပါသလား? စဉ်းစားကြည့်ပါ။
ငါအရှင်မြတ်သည် သူတို့အား မိုးကုပ်စက်ဝိုင်းများတွင်သာမက သူတို့၏ ခန္ဓာကိုယ်များထဲတွင်လည်း ဖန်ဆင်းရှင်ဘုရားသခင်၏ သက်သေလက္ခဏာများကို ပြသတော်မူမည်ဖြစ်သည်။ နောက်ဆုံးတွင် သူတို့အတွက် အမှန်စင်စစ် ကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်ကြောင်း သိသာထင်ရှားလာလိမ့်မည်။ (ကုရ်အာန် ၄၁:၅၃)
Design Argument #5
#knownislam
#easyislam
#islaminmyanmar
#myanmardawah
ကိုအေးထွန်းနှင့် KnownIslam အဖွဲ့သားများ ပူးပေါင်းတင်ဆက်သည်။