Temnothorax unifasciatus မျိုးစိတ်ဝင် ပုရွက်ဆိတ်များ

 

"အပြင်သွားလိုက်ဦးမယ်၊ ကြာချင်လဲကြာမှာပေါ့"

ဒီစကားဟာ ကမ္ဘာ့တောင်ဝန်ရိုးစွန်းကို ဒုတိယဦးဆုံးရောက်ရှိသူများ အဖွဲ့ မှ အဖွဲ့ ဝင်တစ်ဦးဖြစ်သူ Lawrence Oates ရဲ့ နောက်ဆုံးစကားပါပဲ။ ဒီအဖွဲ့ ရဲ့ အိမ်ပြန်ခရီးဟာ ဆိုးဝါးလှတဲ့ ရာသီဥတုဒဏ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
Lawrence Oates ရဲ့ ပြင်းထန်တဲ့ နှင်းကိုက်ဒဏ်နဲ့ စစ်ပွဲဒဏ်ရာ‌ဟောင်ပြန်ကြွာလာမူက တစ်ဖွဲ့ လုံးကိုပိုပြီးဝန်ထုပ်ဝန်ပိုးဖြစ်စေ၊ ကျန့်ကြာစေပါတယ်။ နောက်ဆုံးမှာတော့ Lawrence Oates ဟာ နားခိုရာ တဲကနေ
နှင်းမုန်တိုင်းထဲ တစ်ဦးတည်းထွက်သွားပြီး အသေခံကာ သူ့အဖွဲ့ဝင်တွေ ရှင်သန်နိုင်စေရန် ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ စိတ်မကောင်းစရာက ကျန်ရှိတဲ့ အဖွဲ့ ဝင်တွေဟာလဲ လမ်းခရီးမှာ ကွယ်လွန်ခဲ့ကြရပါတယ်။ ဘာပဲဖြစ်ဖြစ် Lawrence Oates ရဲ့ အပြုအမူကို သူရဲကောင်းအပြုအမူလို့ သတ်မှတ်ညွှန်းဆိုကြပါတယ်။

တိရိစ္ဆာန်ကမ္ဘာမှာလဲ ဒီလိုကိုယ့်အဖွဲ့အစည်းဘေးဒုက္ခမရောက်စေအောင် စွန့်လွှတ်ကြတဲ့ သတ္တဝါတွေရှိပါတယ်။
သုတေသနတွေအရ Temnothorax unifasciatus မျိုးစိတ်ဝင် ပုရွက်ဆိတ်တွေဟာ မှိုရောဂါကူးစက်ခံရကာ သေဆုံးရတော့မယ်ဆိုရင် အဖွဲ့အစည်းမှာ ရောဂါကူးစက်ပြန့်ပွါးမူ မဖြစ်ပွါးနိုင်အောင် သူတို့ဟာ ကိုယ့်ဖာသာ အသိုက်ထဲက ထွက်ခွါသွားပြီး ဝေးရာမှာသေဆုံးလိုက်ကြပါတယ်။ သူတို့ဟာအသိုက်ဖော်တွေနဲ့တောင် ထိတွေ့ဆက်ဆံမူမပြုပဲ ရှောင်ကျည်ကြပါတယ်။ သူတို့ကိုအသိုက်ဖော်တွေက မောင်းထုတ်တာမဟုတ်ပါဘူး၊သူတို့ဖာသာ ထွက်ခွါသွားကြတာပါ။ဒီလိုအပြုအမူမျိုးတွေကို Camponotus aethiops မျိုးစိတ်ဝင် ပုရွက်ဆိတ်တွေမှာလဲ တွေ့ရှိရပါသေးတယ်။
ပုရွက်ဆိတ်တွေသာမက ပျားတွေမှာလဲ အဲဒီလို ကိုယ့်အဖွဲ့အစည်းအတွက် စွန့်လွှတ်မူရှိကြပါတယ်။

(Terminally ill ants choose to die alone, By Ed Yong, NationalGeographic Phenomena)
(Abstract of "Sick ants become unsociable", By N.Bos, T. Lefevre, A.B. Jensen, P.d' Ettorre)
( Infected bees leave the hive altruistically, By Tim Sandle, Digital Journal)

ဒီလောက်အသေးစိတ် ဒီဇိုင်းလုပ်ထားတဲ့ ကမ္ဘာကြီးကို ဖန်ဆင်းသူမရှိဘူးလို့မိတ်ဆွေယုံကြည်ပါသလား?
ဒီကမ္ဘာကြီးပေါ်မှာ ရှိသမျှသက်ရှိတွေက ရည်ရွယ်ချက်မဲ့၊ ဖန်ဆင်းသူမဲ့ အလိုအလျောက်ဖြစ်လာတယ်လို့မိတ်ဆွေယုံကြည်ပါသလား? စဉ်းစားကြည့်ပါ။
ငါအရှင်မြတ်သည် သူတို့အား မိုးကုပ်စက်ဝိုင်းများတွင်သာမက သူတို့၏ ခန္ဓာကိုယ်များထဲတွင်လည်း ဖန်ဆင်းရှင်ဘုရားသခင်၏ သက်သေလက္ခဏာများကို ပြသတော်မူမည်ဖြစ်သည်။ နောက်ဆုံးတွင် သူတို့အတွက် အမှန်စင်စစ် ကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်ကြောင်း သိသာထင်ရှားလာလိမ့်မည်။ (ကုရ်အာန် ၄၁:၅၃)
Design Argument #2
#knownislam
#easyislam
#islaminmyanmar
#myanmardawah
ကိုအေးထွန်းနှင့် KnownIslam အဖွဲ့သားများ ပူးပေါင်းတင်ဆက်သည်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ